(၁၀၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (𝐓𝐎𝐏𝐈𝐊) ဖြေဆိုသူများအတွက် အသိပေးချက်
မြန်မာနိုင်ငံ TOPIK စင်တာမှ အသိပေးနှိုးဆော်အပ်ပါသည်။
စာမေးပွဲကျင်းပမည့် စာမေးပွဲအချိန်ဇယား၊ ဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုခွင့်ကတ်နှင့် မှတ်ပုံတင်တို့ကို ထပ်မံ စစ်ဆေးပြီး အောက်ပါ သတိပြုရန်အချက်များကို မပျက်မကွက် လိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအပ် ပါသည်။
🗓️၂၀၂၆ ခုနှစ်၊ (၁၀၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (TOPIK) ကျင်းပမည့်ရက်မှာ မေလ ၁၇ ရက် (တနင်္ဂနွေနေ့) ဖြစ်ပါသည်။
🪧ဖြေဆိုရမည့်နေရာမှာ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ (Hlaing Campus) နှင့် ကမာရွတ်နယ်မြေ (Kamayut Campus)အတွင်းရှိ ပင်လုံဆောင်(အင်္ဂလိပ်စာဌာန)တို့ ဖြစ်ပါသည်။
တည်နေရာကို အောက်ပါ အင်တာနက်လင့်ခ်(Link) များတွင် ရှာဖွေစစ်ဆေးကြည့်ရှုနိုင်ပါသည်။
📍လှိုင်နယ်မြေ (𝐇𝐥𝐚𝐢𝐧𝐠 𝐂𝐚𝐦𝐩𝐮𝐬):
𝐡𝐭𝐭𝐩𝐬://𝐦𝐚𝐩𝐬.𝐚𝐩𝐩.𝐠𝐨𝐨.𝐠𝐥/𝐖𝐩𝐕𝐮𝐤𝐋𝐪𝐝𝐐𝐇𝐡𝐋𝐨𝐕𝐭𝐆6
📍ကမာရွတ်နယ်မြေ (𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐂𝐚𝐦𝐩𝐮𝐬):
𝐡𝐭𝐭𝐩𝐬://𝐦𝐚𝐩𝐬.𝐚𝐩𝐩.𝐠𝐨𝐨.𝐠𝐥/𝐊𝐣𝐰𝐨𝐂𝐙𝐙7𝐨𝐦𝐓𝐢𝐏𝐙𝐦𝐝𝐀
✅စာမေးပွဲ ဖြေဆိုမည့်နေ့တွင် မှတ်ပုံတင်နှင့် စာမေးပွဲဖြေဆိုခွင့်ကတ်တို့ကို မပျက်မကွက် ယူဆောင်လာရပါမည်။ အကယ်၍ မှတ်ပုံတင်နှင့် စာမေးပွဲဖြေဆိုခွင့်ကတ် မပါရှိပါက စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အထူး သတိပြုပေးပါရန်။ (မှတ်ပုံတင်မရှိပါက နိုင်ငံကူးလက်မှတ် (Passport)၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ထောင်စု စာရင်းတို့ဖြင့်သာ ဖြေဆိုခွင့် ပြုပါမည်။ ကျောင်းသားကတ်နှင့် ဝန်ထမ်းကတ်များကို လက်ခံမည်မဟုတ်ပါ။)
✅ ခုံနံပါတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ယူခြင်းဆိုင်ရာ လမ်းညွှန်ချက် (မေလ ၄ ရက်၊ နံနက် ၁၀ နာရီမှစတင်၍ စစ်ဆေးထုတ်ယူနိုင်ပါသည်) ယခုနှစ်မှစတင်၍ ဖြေဆိုသူများသည် TOPIK ဝက်ဘ်ဆိုက်မှတစ်ဆင့် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ကို တိုက်ရိုက် (Print)ထုတ်ယူဆောင်လာရမည်ဖြစ်ပါသည်။ ထုတ်ယူရမည့် အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
𝐡𝐭𝐭𝐩𝐬://𝐭𝐢𝐧𝐲𝐮𝐫𝐥.𝐜𝐨𝐦/𝐓𝐨𝐩𝐢𝐤106𝐲𝐚𝐧𝐠𝐨𝐧
သို့ ဝင်ရောက်၍ ဖြေဆိုသူ၏ အမည် (အင်္ဂလိပ်စာလုံးကြီး) နှင့် မွေးသက္ကရာဇ်တို့ကို ဖြည့်စွက်ကာ ခုံနံပါတ် (Registration No.) ကို စစ်ဆေးပါ။
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐭𝐨𝐩𝐢𝐤.𝐠𝐨.𝐤𝐫/𝐓𝐖𝐌𝐀𝐈𝐍/𝐓𝐖𝐌𝐀𝐈𝐍0010.𝐝𝐨
သို့ ဝင်ရောက်၍ ယခုဖြေဆိုမည့် စာမေးပွဲ အကြိမ်မြောက်(Test Held)၊ ခုံနံပါတ်၊ မွေးသက္ကရာဇ်တို့ကို ဖြည့်စွက်ကာ စာမေးပွဲဖြေဆိုခွင့်ကတ်ကို စစ်ဆေး၍ (Print)ထုတ်ယူပါ။
■ သတိပြုရန်: ခုံနံပါတ်၏ နောက်ဆုံးဂဏန်း ၅ လုံးကို စစ်ဆေးပါ။
နောက်ဆုံးဂဏန်း ၅ လုံး၏ အစသည် 2 ဖြင့် စတင်လျှင် ကမာရွတ်နယ်မြေ (Kamayut Campus) ဖြစ်ပြီး 1 ဖြင့် စတင်လျှင် လှိုင်နယ်မြေ (Hlaing Campus) ဖြစ်ပါသည်။
ဥပမာ-
0250018020360 (ကမာရွတ်နယ်မြေ), 0250017010361 (လှိုင်နယ်မြေ)
<စာမေးပွဲမဖြေဆိုမီ> စာမေးပွဲစတင်ရန် မိနစ် ၃၀ မတိုင်မီ စာဖြေခန်းအတွင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်ထက် ကျော်လွန်ပါက လုံးဝ ဝင်ခွင့်ပြုမည်မဟုတ်ပါ။
TOPIK I: စာဖြေခန်းအတွင်း ဝင်ရောက်ရမည့်အချိန် (နံနက် ၉:၁၀ ထက် နောက်မကျရ)။ စာမေးပွဲချိန်: နံနက် ၉:၄၀ မှ ၁၁:၂၀ အထိ။
TOPIK II: စာဖြေခန်းအတွင်း ဝင်ရောက်ရမည့်အချိန် (မွန်းလွဲ ၁၂:၂၀ ထက် နောက်မကျရ)။ စာမေးပွဲချိန်: မွန်းလွဲ ၁၂:၅၀ မှ ၁၆:၂၀ အထိ။
TOPIK II ဖြေဆိုမည့်သူများသည် စာမေးပွဲမတိုင်မီ ကျောင်းအတွင်းသို့ ရောက်ရှိလာပါက သတ်မှတ်ထားသော နေရာတွင် စောင့်ဆိုင်းရမည်ဖြစ်ပြီး၊ လမ်းညွှန်ချက်အတိုင်း နံနက် ၁၁:၄၀ မှစတင်၍ စာဖြေခန်းများသို့ သွားရောက်နိုင်ပါသည်။
<ကမာရွတ်နယ်မြေ (Kamayut Campus)> တက္ကသိုလ်ရိပ်သာလမ်း ပင်မဝင်ပေါက် (Main Gate) ကိုသာ အသုံးပြုရမည်ဖြစ်ပြီး ဝင်ပေါက်တွင် စာမေးပွဲဖြေဆိုခွင့်ကတ် ပြသ၍ ဝင်ရောက်နိုင်ပါသည်။ မော်တော်ယာဉ်များ ဝင်ရောက်ခွင့်မပြုပါ။
<လှိုင်နယ်မြေ (Hlaing Campus)>
မော်တော်ယာဉ်ဖြင့် လာရောက်ပါက: ပါရမီလမ်း (Parami Road)ရှိ MICTဝင်ပေါက်မှသာ ဝင်ထွက်ရမည်ဖြစ်ပြီး၊ ဝင်ပေါက်တွင် စာမေးပွဲဖြေဆိုခွင့်ကတ် ပြသရပါမည်။ ခြေလျင်လာရောက်ပါက: ပါရမီလမ်းရှိ လှိုင်နယ်မြေ ပင်မဝင်ပေါက် သို့မဟုတ် ပြည်လမ်း (Pyay Road) ဘက်ရှိ ဝင်ပေါက်မှ ဝင်ရောက်ရပါမည်။
■ စာမေးပွဲဖြေဆိုနေစဉ်အတွင်း လက်ကိုင်ဖုန်းများကို ပိတ်ထားရမည်ဖြစ်ပြီး လက်ပတ်နာရီများကိုလည်း စာမေးပွဲကြီးကြပ်ရေးမှူးထံ အပ်နှံရပါမည်။ စာမေးပွဲဖြေဆိုနေစဉ် ဖုန်းမြည်လာပါက စမေးပွဲစည်းကမ်းဖောက် ဖျက်သူအဖြစ် သတ်မှတ်ကာ အခန်းအတွင်းမှ နှင်ထုတ်ခံရနိုင်သဖြင့် အထူးသတိပြုပါရန်။
ရေးသားရန် ကိရိယာ (Pen, Correction Tape) များအတွက် စင်တာမှ ထုတ်ပေးသော (Pen)ကိုသာ အသုံးပြု ရပါမည်။ (ရေနှင့် အအေးကို ယူဆောင်ခွင့်ရှိပါသည်။)
အောက်တွင် ပူးတွဲဖော်ပြထားသော မိမိ၏ ခုံနံပါတ်နှင့် စာဖြေခန်းကို ကြိုတင်စစ်ဆေးထားခြင်းဖြင့် စာမေးပွဲနေ့တွင် အခက်အခဲမရှိ ဖြေဆိုနိုင်ရန်အတွက် ပြင်ဆင်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
(မြန်မာနိုင်ငံ TOPIK စင်တာ: ၀၉၉၆၈၈၆၂၃၀ဝ)
